“ကဗျာ” ဆိုတာ... နှလုံးသားရဲ့ အနက်ရှိုင်းဆုံး တစ်နေရာကနေ ခံစားမှုပဉ္စလက်နဲ့ ခဲရာခဲဆစ်တူးဖော်ရရှိတဲ့ ကိန်းဂဏန်းမဲ့ တန်ဘိုးအရှိဆုံး ကျောက်မျက်အက္ခရာလေးတွေပါနော်... ဒီကျောက်မျက်အက္ခရာလေးတွေကို နှစ်ဦးသားရင်ခုန်သံ မျှဝေစီခြယ်ရင်း... ထပ်တူညီနှလုံးသားအမြွှာရဲ့ အမှတ်တရ “ အနုပညာမှတ်တိုင် ” အဖြစ် သက်ဝင်လှပစေခဲ့ပါပြီ....။ ထာဝရကမ္ဗည်းတင်...ရှင်သန်ပါစေသား.....။

“လမင်းသာ”၀ဘ်ဆိုဒ်ကို (၃-၇-၂၀၁၂)နေ့ရက်တွင် စတင်တည်ထောင်ခဲ့ပါသည်။

Tuesday, December 18, 2012

“တနင့်တပိုး”

“တနင့်တပိုး”
တယောက်တည်းပြိုင်တဲ့..ပွဲမှာတောင်
နှစ်သိမ့်ဆုနဲ့လွဲ…
ကံကြမ္မာက..အလဲထိုးခဲ့သေးတယ်..။
ခံစားချက်ကိုမျက်နှာလွှဲကြည့်ဖို
မျက်စိကိုလက်နဲ့..စုံပိတ်
လက်ကြားက..ယိုဖိတ်တဲ့အလင်းမှာ
မြင်ကွင်းက..ပိုကျယ်သွားတယ်..။
ချစ်သောသူနဲ့..ဝေးနေရခြင်းကို
ကျားကွက်ရွှေ့ဖို့
ရင်ဘတ်ကို..ကြိုးညှိပြီးတယောထိုးလိုက်တာ
ငိုသံတွေ..အနာတရနဲ့
ပုလဲတွေ..ရွာချကုန်တော့တယ်…။
 


တေးရေး-လှိုင်းသန့်(မြန်မာစာ)။

No comments:

Post a Comment