ပန်းချိုးမယူ
ပန်းပျိုးသူပါကွယ်….။
ပန်းတခက် မကြွေပျက်အောင်လို့ 
မနမ်းရက် မခြွေရက်ပါဘူး
ဝေလျှက်သာ စွမ်းကုန်ပွင့်ပါလို့ 
ပန်းဂုဏ်ဝင့် ခရီးဆက်ပါလေ
အဖြစ်သနစ်တို့  နီးစပ်ပါမှ
အချစ်စစ်လို့  ကဗ္ဗည်းတပ်မှာလား?
တဝေးတခြားသာ
အသွေးအသားမပါ အကြင်နာစစ်တွေနဲ့ 
မမြင်သာအချစ် တိတ်တခိုးပေမယ်.
ထိတ်မစိုးပါ ပြန်မချစ်မှာလည်း
ပန်သစ္စာ နှောင်ဖွဲ့ ခဲ့ ပါရဲ့ 
( ကွယ်…. )
အရောင်မဲ့ နှလုံးသား…….။ ။
တေးရေး - လှိုင်းသန့် (မြန်မာစာ)
No comments:
Post a Comment