မင်းအနော်ရထာရဲ့ 
မေတ္တာအဟုန်…သစ္စာဂုဏ်
လွှမ်းခြုံရစ်သိုင်း…သမိုင်းရဲ့ ခြေရာ
ဘဂ၀ါအမွေ ကြွေပြုန်းမသွား
( ပုဂံဟာ….)
မြန်မာပြည်(ပြေ ) ရွှေနှလုံးသားလေ
ဘ၀အကြောင်းအခြေ….
အလှပေါင်းဝေ ငြိမ်းချမ်း
မြထနောင်းတွေစိမ်းလန်းလို့ 
ကိန်းခန်းဇာတာ ကမ္ဘာမှာမကြွေရစ်
( ရှင်အရဟံရဲ့  )
သာသနာအမွေအနှစ်နဲ့ 
မြန်မာမှာအရှည်သစ်မယ့် မြို့  ။
ဧရာဝတီရဲ့ ရေစီးသံမှာ
မဟာပုဂံရဲ့  ဓါး လှံတွေရှိတယ်
မြန်မာရဌံရဲ့  အားမာန်တွေရှိတယ်….
အရုဏ်ဦးရဲ့  ဆည်းလည်းခတ်သံမှာ
ငါတို့ ရဲ့ ကိုယ်ကျင့်တရားတွေရှိတယ်….
မြင်းလှည်းလေးရဲ့  မြင်းခွါသံတေးသွားမှာ
ကျန်စစ်သားနဲ့ မဏိစန္ဒာတို့ ရဲ့  သစ္စာကာရံတွေရှိတယ်။
ပေါက္ကံရာမရဲ့  ခေါင်းလောင်းထိုးသံမှာ
သူရဲကောင်းတို့ ရဲ့  ၀ီရနဲ့ သီလကိုတွေ့ နိုင်တယ်
အဘိုးကြိုက်တဲ့ ကွမ်းအစ်
အဘွားချစ်တဲ့ လက်ဖက်အုပ်
အမေသုတ်တဲ့ ပုန်းရည်ကြီး
ရှု့မငြီးတဲ့ ဂန္ထ၀င်ဆည်းဆာ
အလင်္ကာဟန်နဲ့ ပန်းအတတ်ပဒေသာ
ဒါဟာ……..
ဘာသာပြန်စရာမလိုတဲ့ ကမ္ဘာသိကဗျာ
ရာဇ၀င်လျှာဖျားထက်က နှစ်ချို့ဝိုင်တခွက်
( တကယ်ပါ……)
တန်ဖိုးတွေ တက်ပြီးရင်းတက်လို့ ။ ။ တေးရေး - လှိုင်းသန့် (မြန်မာစာ)
No comments:
Post a Comment