ရာသီမမှန်..မိုးလေမသင့်လို့
အိမ်ပြင်မထွက်တာကြာပေါ့….။
ရင်နာနာနဲ့…..
အပြင်ကမ္ဘာကိုချောင်းကြည့်မိတော့
မျှော်နေမယ်ဆိုတာသိနေပြန်ရော…။
နောက်ကျတယ်ဆိုတာ…..
မင်းရဲ့နောက်ဆုံးအချစ်ကို
ငါ့်ရဲ့သစ္စာရနံ့နဲ့ဟာမိုနီဖွဲ့ချင်လို့ပါ….။
သင်္ကြန်ကျလို့မှ..
မိုးမခရင်နေပါစေ……
ငါ့မျက်ရည်ငါချိုးပြီး
ပန်းပွင့်အောင်ကိုယ်တိုင်ပျိုးလို့
နန်းးကေသာ…မင်းဆံထိုးမှာ
မိုးမချူပ်ခင်ပန်းဆက်ဖို့
လှမ်းထွက်ခဲ့မယ်…။ ။
တေးရေး - လှိုင်းသန့် (မြန်မာစာ)
No comments:
Post a Comment