ခေါင်းဗလာ….
အဆောင်းမပါ အနေခက်ပေလိမ့်
တောင်းမကွာ အမေရွက်တာကြောင့်
နေဖျက်လေလည်း မနွမ်းပါ လေ…
( ကွယ်… ) နွေရက်တွေ ထဲဝမ်းစာဖွေ…။
တယောက်တည်းလေ အဖေပစ်သွားတော့လည်း
မဖောက်လွဲပေ အမေအချစ်မပွားခဲ့ပါဘူး
ရွှေအစစ်သားဟာ အမွေအနှစ်ဓါးပဲပေါ့
အသွားထက်အောင်တယုတယ သွေးလို့ရယ်
အမေခမျာ…
စေတနာချွေးစက်တွေနဲ့
အသေအချာ အသွေးလက်အောင်ကွယ်
တွေးလျှက် အလှမွှမ်း…။
ဓါးဆိုမှ သံမဏိဓါးရယ်လေ
ဥာဏ်အသိပွား ပညာဂုဏ်နှင့်
ကြင်ယာစုံ ယနေ့အချိန်မှာတော့
အမေ့အိမ် တဖက်စည်းမှာလ
သမက်ကြီးအဖြစ် လူရာဝင်လို့ပေါ့
သူငါအမြင် အားတက်စရာပါကွယ်
ကြွားလက်စွာ ယောက္ခမအိမ်နန်းမှာဖြင့်
( အမေ့သား အမေ့ဓါးရယ်လေ….)
တောက်ပအရှိန်လွှမ်း…။ ။
တေးရေး-လှိုင်းသန့်( မြန်မာစာ )
No comments:
Post a Comment