တေးရေး-လှိုင်းသန့် (မြန်မာစာ)
Wednesday, August 29, 2012
Thursday, August 2, 2012
မျှော်
ပြန်မချစ်ပါနဲ့
ချစ်နေခွင့်ပဲပေးပါ….။
ပြန်မဖြေပါနဲ့
ဖွင့်ဟတိုင်တည်ခွင့်ပဲပေးပါ…။
ပြန်မကြည့်ပါနဲ့
တမ်းတမြင်ယောင်ခွင့်ပဲပေးပါ။
တကယ်ပါ
ရှေ့မတိုး..နောက်မဆုတ်
ကျောက်ရုပ်လိုအသေရပ်
ကျေနပ်နေမယ်…။
တေးရေး - လှိုင်းသန့် (မြန်မာစာ)
ပုဂံ
မင်းအနော်ရထာရဲ့ 
မေတ္တာအဟုန်…သစ္စာဂုဏ်
လွှမ်းခြုံရစ်သိုင်း…သမိုင်းရဲ့ ခြေရာ
ဘဂ၀ါအမွေ ကြွေပြုန်းမသွား
( ပုဂံဟာ….)
မြန်မာပြည်(ပြေ ) ရွှေနှလုံးသားလေ
ဘ၀အကြောင်းအခြေ….
အလှပေါင်းဝေ ငြိမ်းချမ်း
မြထနောင်းတွေစိမ်းလန်းလို့ 
ကိန်းခန်းဇာတာ ကမ္ဘာမှာမကြွေရစ်
( ရှင်အရဟံရဲ့  )
သာသနာအမွေအနှစ်နဲ့ 
မြန်မာမှာအရှည်သစ်မယ့် မြို့  ။
`
“တော်ဝင်နေခြည်”
ချစ်သောညီမလေး…နေခြည်…သို့…အမှတ်တရ။
နေခြည်တစ…
ရွှေရည်တမြမြနဲ့..
ငါ့ဘ၀နံနက်ခင်းရဲ့
ကော်ဖီခပ်ပြင်းပြင်းလေးမှာ
ချစ်ခြင်းရနံ့တွေ..တောင်ပံခတ်လို့
(တဘ၀စာ……)
အလင်းဓါတ်တွေ..ပျော်ဝင်နွေးထွေးသွားခဲ့ပြီ…..။
နေခြည်တစ…
ရွှေရည်တမြမြနဲ့..
ငါ့ဘ၀နံနက်ခင်းရဲ့
ကော်ဖီခပ်ပြင်းပြင်းလေးမှာ
ချစ်ခြင်းရနံ့တွေ..တောင်ပံခတ်လို့
(တဘ၀စာ……)
အလင်းဓါတ်တွေ..ပျော်ဝင်နွေးထွေးသွားခဲ့ပြီ…..။
“ခေတ္တရာနန်း..ပွင့်သောပန်း”
ချစ်သောညီမလေးနေခြည်ရဲ့(၂၈)နှစ်မြောက်မွေးနေ့ရက်မြတ်သို့…အမှတ်တရ။
ကွန်ပျူတာ ပညာနန်းမှာလ
တံခွန်ထူကာ မယှဉ်သာအစွမ်းတွေနဲ့
ရွှင်ဖြာလန်း ဘ၀အဟုန်မြှင့်ပါလို့
ညီမဂုဏ်ဝင့် တင့်ပါစေ…။
ရတီပမာကွယ်….
“သီတာနွယ်”သော်မှော်ပန်းရယ်က
စီကဗျာခြယ်… တပျော်ပျော်လန်းဖြာလျက်
မျှော်မှန်းရာ ကလောင်စွမ်းသာလို့မို့
အရောင်မနွမ်းပါ အသွေးတလှလှရယ်နဲ့
မွှေးမြ..ကမ္ဘာမြေ……
ရင်ကွဲပိတောက်
ရာသီမမှန်..မိုးလေမသင့်လို့
အိမ်ပြင်မထွက်တာကြာပေါ့….။
ရင်နာနာနဲ့…..
အပြင်ကမ္ဘာကိုချောင်းကြည့်မိတော့
မျှော်နေမယ်ဆိုတာသိနေပြန်ရော…။
နောက်ကျတယ်ဆိုတာ…..
မင်းရဲ့နောက်ဆုံးအချစ်ကို
ငါ့်ရဲ့သစ္စာရနံ့နဲ့ဟာမိုနီဖွဲ့ချင်လို့ပါ….။
သင်္ကြန်ကျလို့မှ..
မိုးမခရင်နေပါစေ……
ငါ့မျက်ရည်ငါချိုးပြီး
ပန်းပွင့်အောင်ကိုယ်တိုင်ပျိုးလို့
နန်းးကေသာ…မင်းဆံထိုးမှာ
မိုးမချူပ်ခင်ပန်းဆက်ဖို့
လှမ်းထွက်ခဲ့မယ်…။ ။
တေးရေး - လှိုင်းသန့် (မြန်မာစာ)
ဝိဇာတမှတ်တိုင်
အာဝေဏိက..စစ်တလင်းမှာ
သေမင်းခေါ်သံကိုတပ်လှန့်ရင်း..
ကမ္ဘာမြေအတွက်သီချင်း
အမေ….ဖန်ဆင်းတဲ့နေ့………..။
ဟန်ရေးတပြပြ..
မာန်သွေးတကြွကြွနဲ့
ရွှေတံဆိပ်ရ..အပြုံးပိုင်ရှင်အလား…
ဘော့လုံးသမား
ချန်ရစ်ထားမှတော့
ခံစစ်သမားပေါ့ခင်……..။
အထာမနပ်လေတော့
အ၀ါကပ်တို့….ကမ္ဗည်းတင်…..။
မနေ့ကခြေရာများ
ဥသြ..ဥသြဆိုတဲ့အသံတမြမြကို..
နားဝမှာချိုအီညှင်း…
နွေသီချင်းတပုဒ်အဖြစ်နားထောင်ကောင်းခဲ့မိတယ်
ငှက်ကလေးရဲ့..အလွမ်းဖွဲ့ငိုချင်းမှန်းမသိခဲ့လို့ပါ…အမေ..။
အဝေးကြည့်
ပန်းချိုးမယူ
ပန်းပျိုးသူပါကွယ်….။
ပန်းတခက် မကြွေပျက်အောင်လို့ 
မနမ်းရက် မခြွေရက်ပါဘူး
ဝေလျှက်သာ စွမ်းကုန်ပွင့်ပါလို့ 
ပန်းဂုဏ်ဝင့် ခရီးဆက်ပါလေ
စည်းတဖက်မှ ချစ်နေမယ်…။
အလင်းပြ အရိပ်စစ်
အပြစ်တော်လှန်
ခေတ်မော်ဒါန် အယူမတိမ်းလေငဲ့
စတစ်ကော်လံ အဖြူအစိမ်းရယ်နဲ့
ဇမ္ဗူဟိန်းမယ့် သူ့ရုပ်သွင်…..။
သြော်..မြို.တက်ကာကြော်ငြာကပ်ပါလို့
ပျော်စရာ ဓါတ်အကောင်းရိက္ခာတွေနဲ့
ပေါင်းမိတ်သဟာ ငွေဝင်ကြမ်းသော်လည်း
ကျောင်းရိပ်မခွါ နွေရင်ကျွမ်းစေတော့
မြေပြင်အ၀ှမ်း ပန်းတို့လှရာမို့
နွမ်းချို့ဘ၀ အဆင်တန်ဆာမရှိပေမယ့်
မင်္ဂလာအတိပင်…။
အမေ့ချွေးနှင့် သွေးသော ဓါး
ခေါင်းဗလာ….
အဆောင်းမပါ အနေခက်ပေလိမ့်
တောင်းမကွာ အမေရွက်တာကြောင့်
နေဖျက်လေလည်း မနွမ်းပါ လေ…
( ကွယ်… ) နွေရက်တွေ ထဲဝမ်းစာဖွေ…။
တယောက်တည်းလေ အဖေပစ်သွားတော့လည်း
မဖောက်လွဲပေ အမေအချစ်မပွားခဲ့ပါဘူး
ရွှေအစစ်သားဟာ အမွေအနှစ်ဓါးပဲပေါ့
အသွားထက်အောင်တယုတယ သွေးလို့ရယ်
သုခပေးဝေ…။
Subscribe to:
Posts (Atom)