အာဝေဏိက..စစ်တလင်းမှာ
သေမင်းခေါ်သံကိုတပ်လှန့်ရင်း..
ကမ္ဘာမြေအတွက်သီချင်း
အမေ….ဖန်ဆင်းတဲ့နေ့………..။
ဟန်ရေးတပြပြ..
မာန်သွေးတကြွကြွနဲ့
ရင်သွေးလေးနား..မခွာထိုင်..
အနမ်းဓါတ်အပြိုင်ဆက်လို့..
(အဖေလေ…)
မဏ္ဏပ်တိုင်တက်တဲ့နေ့……….။
ဖြူအသည်းနဲ့..အူဝဲလေးဘဝ
ထိုနေ့မှအစ….
မစ္ဇျိမ္မအဖြူရောင်မြေမှာ…….
ဘာသာအယူမညှိုး….
မြန်မာလူမျိုးရယ်လို့
မော်ကွန်းထိုးဖွားမြောက်ခဲ့
ရောက်နေဆဲကမ်း….လျှောက်နေဆဲလမ်းမှ
တမ်းတရည်မျှော်…..
အဖေ့ကိုပူဇော်…အမေ့ကိုပူဇော်
အန္တိမကျေးဇူးတော်အပေါင်းအားမမေ့
ထောင်,သောင်းသက္ကရာဇ်
မှတ်တိုင်များစွာကိုထုဆစ်…
မင်္ဂလာအသရေ..ရွှန်းသစ်လို့
သကာချိုကြည်..အချစ်တွေနဲ့
(တို့အားလုံး….)
ဟာမိုနီဖြစ်စေသတည်း……….။ ။
တေးရေး - လှိုင်းသန့် (မြန်မာစာ)
No comments:
Post a Comment