“ကဗျာ” ဆိုတာ... နှလုံးသားရဲ့ အနက်ရှိုင်းဆုံး တစ်နေရာကနေ ခံစားမှုပဉ္စလက်နဲ့ ခဲရာခဲဆစ်တူးဖော်ရရှိတဲ့ ကိန်းဂဏန်းမဲ့ တန်ဘိုးအရှိဆုံး ကျောက်မျက်အက္ခရာလေးတွေပါနော်... ဒီကျောက်မျက်အက္ခရာလေးတွေကို နှစ်ဦးသားရင်ခုန်သံ မျှဝေစီခြယ်ရင်း... ထပ်တူညီနှလုံးသားအမြွှာရဲ့ အမှတ်တရ “ အနုပညာမှတ်တိုင် ” အဖြစ် သက်ဝင်လှပစေခဲ့ပါပြီ....။ ထာဝရကမ္ဗည်းတင်...ရှင်သန်ပါစေသား.....။

“လမင်းသာ”၀ဘ်ဆိုဒ်ကို (၃-၇-၂၀၁၂)နေ့ရက်တွင် စတင်တည်ထောင်ခဲ့ပါသည်။

Thursday, August 2, 2012

မနေ့ကခြေရာများ



ဥသြ..ဥသြဆိုတဲ့အသံတမြမြကို..
နားဝမှာချိုအီညှင်း…
နွေသီချင်းတပုဒ်အဖြစ်နားထောင်ကောင်းခဲ့မိတယ်
ငှက်ကလေးရဲ့..အလွမ်းဖွဲ့ငိုချင်းမှန်းမသိခဲ့လို့ပါ…အမေ..။
 မိုးစက်ကလေးတွေရဲ့ ယုယမှုကိုစွဲမက်
မိုးရွာရင်..မိုးရေချိုးထွက်ခဲ့တဲ့
ပျော်စရာနေ့ရက်တွေဟာ..မနည်းဘူး
တိမ်စိုင်တို့ရဲ့မျက်ရည်မှန်းမသိခဲ့လို့ပါ…အမေ…။

သဇင်ကိုရင်မှာထွေးဖက်…
တူနှစ်ကိုယ်တွဲလက်များနဲ့….
မြမြက်ခင်းထက်က..နှင်းစက်တွေပေါ်နင်းဖြတ်ပျော်မြူးခဲ့ကြ
ဆောင်းဧကရီရဲ့နှလုံးသွေးတွေမှန်းမသိခဲ့လို့ပါ…အမေ…..။

တေးရေး - လှိုင်းသန့် (မြန်မာစာ)

No comments:

Post a Comment