အပြစ်တော်လှန်
ခေတ်မော်ဒါန် အယူမတိမ်းလေငဲ့
စတစ်ကော်လံ အဖြူအစိမ်းရယ်နဲ့
ဇမ္ဗူဟိန်းမယ့် သူ့ရုပ်သွင်…..။
သြော်..မြို.တက်ကာကြော်ငြာကပ်ပါလို့
ပျော်စရာ ဓါတ်အကောင်းရိက္ခာတွေနဲ့
ပေါင်းမိတ်သဟာ ငွေဝင်ကြမ်းသော်လည်း
ကျောင်းရိပ်မခွါ နွေရင်ကျွမ်းစေတော့
မြေပြင်အ၀ှမ်း ပန်းတို့လှရာမို့
နွမ်းချို့ဘ၀ အဆင်တန်ဆာမရှိပေမယ့်
ပညာဟန် နိမိတ်သစ်တွေကြောင့်
အကြင်ဆရာမှန် အရိပ်စစ်ဟာ
အဆိပ်မဖြစ်စေသား…။
သြော်…
အမှန်ပနှိုင်းမမြင် အထူးဘ၀င်မြူးပါရဲ့
အနန္တဂိုဏ်းဝင် ဥယျာဉ်မှူးပေမို့
ဆူးပင်စူး အနာတရရှိသော်မှ
ထာဝရတပည့် ရင်လွှာပန်းခမျာတို့ 
ရွှင်ဖြာလန်းအလှဝေမယ်ဆို
ဘ၀ကြွေ ခန္ဒာပြောင်းတောင်မှ
စံရာကျောင်း သိက္ခာအရပ်မှာ
လိပ်ပြာကပ် ခေါင်းလောင်းထိုးမယ်ပ
(ကွယ်….)မညှိုးသည့်စိတ်အား….။တေးရေး - လှိုင်းသန့် (မြန်မာစာ)
No comments:
Post a Comment