“ကဗျာ” ဆိုတာ... နှလုံးသားရဲ့ အနက်ရှိုင်းဆုံး တစ်နေရာကနေ ခံစားမှုပဉ္စလက်နဲ့ ခဲရာခဲဆစ်တူးဖော်ရရှိတဲ့ ကိန်းဂဏန်းမဲ့ တန်ဘိုးအရှိဆုံး ကျောက်မျက်အက္ခရာလေးတွေပါနော်... ဒီကျောက်မျက်အက္ခရာလေးတွေကို နှစ်ဦးသားရင်ခုန်သံ မျှဝေစီခြယ်ရင်း... ထပ်တူညီနှလုံးသားအမြွှာရဲ့ အမှတ်တရ “ အနုပညာမှတ်တိုင် ” အဖြစ် သက်ဝင်လှပစေခဲ့ပါပြီ....။ ထာဝရကမ္ဗည်းတင်...ရှင်သန်ပါစေသား.....။

“လမင်းသာ”၀ဘ်ဆိုဒ်ကို (၃-၇-၂၀၁၂)နေ့ရက်တွင် စတင်တည်ထောင်ခဲ့ပါသည်။

Thursday, August 2, 2012

“တော်ဝင်နေခြည်”

ချစ်သောညီမလေး…နေခြည်…သို့…အမှတ်တရ။


နေခြည်တစ…

ရွှေရည်တမြမြနဲ့..

ငါ့ဘ၀နံနက်ခင်းရဲ့

ကော်ဖီခပ်ပြင်းပြင်းလေးမှာ

ချစ်ခြင်းရနံ့တွေ..တောင်ပံခတ်လို့

(တဘ၀စာ……)

အလင်းဓါတ်တွေ..ပျော်ဝင်နွေးထွေးသွားခဲ့ပြီ…..။
ငါ့အိမ်လေးထဲကို…၀င်ရောက်တွယ်ဖက်လာတဲ့…အလင်းစက်လေးရယ်…

ငါကဗျာရေးရင်….ကာရံဖြစ်..

ငါသီချင်းရေးရင်…သံစဉ်ဖြစ်..


ငါပြဇာတ်ရေးရင်……ဇာတ်ကောင်ဖြစ်


ငါပျော်နေရင်…..ချိုးကူသံလေးဖြစ်


ငါငိုကြွေးရင်…..သောကတယောသံလေးဖြစ်လို့..


အစ္ဇျတ္တရင်ခုန်သံ..အစစ်နဲ့


အိပ်မက်တွေဟာ…ထပ်တူကျကျစ်လစ်လို့…။


ကောင်မလေးရေ..


နေပင်လယ်….နေပြင်ကျယ်..


နေဆယ်စင်း….နေတကယ်ပြင်း…ပြင်းပါစေသား


ငါ့..ကံကြမ္မာတခုလုံးအပေါ်မှာ


တည့်မတ်စွာ..ရောင်ခြည်ဖြာဖို့


ငါ့နှလုံးသားကို ဗလာကျင်းဖွင့်လှစ်


သစ္စာပန် ခံနိုင်ရည်အစစ်..


မေတ္တာနှံ..စံခိုင်မှီအချစ်တွေနဲ့


သတင်းအသစ်အဖြစ်…ဂရင်းနစ်စံချိန်..တင်ဦးမယ်..။


အလင်းနုနုလေးရေ..မင်းရဲ့နောက်ဆုံးပစ်မှတ်


မင်းရဲ့..နောက်ဆုံးအချစ်ဓါတ်


နေ၀င်မယ့်..ဘူမိနက်သန်အရပ်


ငါ့ရင်ဘတ်မှာ..ငုပ်လျှိုး


ငါကိုယ်တိုင်..မော်ကွန်းထိုးလိုက်ပါပြီ


မင်းဟာ…


ငါ့နန်းတော်ရဲ့..မှော်ပလ္လင်ဧကရီဖြစ်သလို..


အလှမနွမ်းပေါ်တဲ့…တော်ဝင်နေခြည်…အစစ်ပါနော်။ ။



တေးရေး - လှိုင်းသန့် (မြန်မာစာ)



No comments:

Post a Comment