“ကဗျာ” ဆိုတာ... နှလုံးသားရဲ့ အနက်ရှိုင်းဆုံး တစ်နေရာကနေ ခံစားမှုပဉ္စလက်နဲ့ ခဲရာခဲဆစ်တူးဖော်ရရှိတဲ့ ကိန်းဂဏန်းမဲ့ တန်ဘိုးအရှိဆုံး ကျောက်မျက်အက္ခရာလေးတွေပါနော်... ဒီကျောက်မျက်အက္ခရာလေးတွေကို နှစ်ဦးသားရင်ခုန်သံ မျှဝေစီခြယ်ရင်း... ထပ်တူညီနှလုံးသားအမြွှာရဲ့ အမှတ်တရ “ အနုပညာမှတ်တိုင် ” အဖြစ် သက်ဝင်လှပစေခဲ့ပါပြီ....။ ထာဝရကမ္ဗည်းတင်...ရှင်သန်ပါစေသား.....။

“လမင်းသာ”၀ဘ်ဆိုဒ်ကို (၃-၇-၂၀၁၂)နေ့ရက်တွင် စတင်တည်ထောင်ခဲ့ပါသည်။

Tuesday, December 18, 2012

“ မာတာလမင်း”

“ မာတာလမင်း”
ကောင်းကင်ထက်ကနေ….
မေတ္တာတွေ..အုပ်မိုး
မပုပ်သိုးတဲ့…အလင်းရနံ့တို့
ခင်းဖြန့်ပေးဝေ….
ရှင်းသန့်….အေးစေ…လို့
အနမ်းလေချိုအသင့်မှာတော့
(တလောကလုံးတွက်…)
ပန်းတွေကိုပွင့်စေခဲ့တယ်လေ…။

အမှောင်မိုက်ခွင်း…
လောင်မြိုက်ခြင်းမရှိ…။
မပူလောင်..မရက်စက်
အဖြူရောင်သက်သက်သာ…..။
သြော်….
စူးရှတောက်ပခြင်းကင်းကင်းနဲ့
(တကယ့်ကို….)
အေးမြစွာ…လင်းလက်တတ်သူလေ….။ ။
မွေးသမိခင်ကျေးဇူးရှင်မေမေနှင့်
တလောကလုံးမှအမေအားလုံးသို့…ဦးညွတ်လျက်..။
 

သီဟန်@တးရေး-လှိုင်းသန့်(မြန်မာစာ)..။

No comments:

Post a Comment